Filtra per genere

လွယ်ကူသော ဂျပန်စကား စကားပြော သင်ခန်းစာများ | NH

လွယ်ကူသော ဂျပန်စကား စကားပြော သင်ခန်းစာများ | NH

NHK WORLD-JAPAN

ဂျပန်က တက္ကသိုလ် တစ်ခုမှာ ပညာလာသင်နေတဲ့ နိုင်ငံခြားက ကျောင်းသူ တမ်ရဲ့ ဇာတ်လမ်းကို နားဆင်ရင်း အသုံးကျတဲ့ အသုံးအနှုန်းတွေကို လေ့လာ၊ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေကို ရယူကြပါ။ ဂျပန်ရဲ့ အများပြည်သူဆိုင်ရာ အသံလွှင့်ဌာန NHK ကနေ ဂျပန်ဘာသာပို့ချမှုကို podcast ကနေ အခမဲ့ မျှဝေနေပါတယ်။ nhk.jp/lesson

48 - သင်ခန်းစာ1 နေရာကို မေးမြန်းနိုင်တယ်
0:00 / 0:00
1x
  • 48 - သင်ခန်းစာ1 နေရာကို မေးမြန်းနိုင်တယ်

    ဗီယက်နမ် နိုင်ငံကလာတဲ့ ကျောင်းသူ တမ် ဟာ တိုကျိုမှာ သူနေမယ့်၊ အခြားသူတွေနဲ့အတူတူ မျှပြီးနေရတဲ့ ဟာရူစံဟောက်စ် ဆိုတဲ့အိမ်ကို ရှာနေပါတယ်။

    Tue, 1 Oct 2019 - 10min
  • 47 - သင်ခန်းစာ2 နာမည်နဲ့ အလုပ်အကိုင်ကိုပြောပြီး ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်နိုင်တယ်

    "ဟာရူစံဟောက်စ်" ကို ရှာနေခဲ့တဲ့ ဗီယက်နမ်ကလာတဲ့ ကျောင်းသူ တမ်ဟာ မမျှော်လင့်ဘဲ အဲဒီအိမ်မှာ နေသူတွေနဲ့ဆုံခဲ့ရပြီး သူတို့က လမ်းပြပေးခဲ့ကြပါတယ်။

    Tue, 8 Oct 2019 - 10min
  • 46 - သင်ခန်းစာ3 ဘယ်အရပ်ဒေသ၊ ဘယ်ဇာတိကပါ ဆိုတာ ပြောနိုင်တယ်

    ဗီယက်နမ်က လာတဲ့ တမ်အတွက် ကြိုဆိုတဲ့ပွဲ ကို သူတို့စုပြီး ငှားနေတဲ့ အိမ်မှာ ကျင်းပနေပါတယ်။ ကိုက်တိုက စားပွဲနဲ့အပြည့် ဟင်းပွဲတွေ ပြင်ဆင်ထားပါတယ်။

    Tue, 15 Oct 2019 - 10min
  • 45 - သင်ခန်းစာ4 ကိုယ် ပြုလုပ်မယ့်အကြောင်းအရာကို ပြောပြနိုင်တယ်

    တမ်ဟာ သူနဲ့ ရင်းနှီးလာပြီဖြစ်တဲ့ တရုတ်နိုင်ငံကလာတဲ့ ဓာတ်ပုံဆရာမ မီးယာနဲ့ မီးယာရဲ့ အခန်းထဲမှာ စကားပြောနေပါတယ်။ အခန်းနံရံမှာ မီးယာရိုက်ထားတဲ့ ဂျပန်နိုင်ငံအနှံ့က ဓာတ်ပုံတွေ ကပ်ထားပါတယ်။

    Tue, 22 Oct 2019 - 10min
  • 44 - သင်ခန်းစာ5 ဂျပန်စာ ဘယ်လိုသင်ယူခဲ့သလဲဆိုတာ ပြောပြနိုင်တယ်

    တက္ကသိုလ်တက်မယ့် ပထမဆုံးနေ့။ စိတ်လှုပ်ရှားနေတဲ့ ဗီယက်နမ်က ကျောင်းသူ တမ်ကို စက်ရုပ် အိမ်ရှင် ဟာ့ရူစံက စကားလှမ်းပြောပါတယ်။

    Tue, 29 Oct 2019 - 10min
Mostra altri episodi