Podcasts by Category

ညပိုင်း ၉း၀၀-၁၀း၀၀ - ဗွီအိုအေ

ညပိုင်း ၉း၀၀-၁၀း၀၀ - ဗွီအိုအေ

ဗွီအိုအေ

အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၁၄၃၀ ၊ မြန်မာစံတော်ချိန် ည ၉ နာရီကနေ ၁၀ နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းနဲ့ သတင်းဆောင်းပါးတွေ သီတင်းပတ်စဉ်ကဏ္ဍတွေကို နားဆင်နိုင်ပါတယ်။

3144 - ဗွီအိုအေ မြန်မာညချမ်း (မေလ ၇ ရက်၊​၂၀၂၄)​ - မေ ၀၇, ၂၀၂၄
0:00 / 0:00
1x
  • 3144 - ဗွီအိုအေ မြန်မာညချမ်း (မေလ ၇ ရက်၊​၂၀၂၄)​ - မေ ၀၇, ၂၀၂၄

    ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်ခွင့် စစ်ကောင်စီကို ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းတောင်းဆို၊ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်၊ စတာတွေအပြင် မြေကြီးသြဇာ၊ မြန်မာနဲ့ ယူကရိန်း နှိုင်းယှဉ်ချက်၊ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှား ခရီးသွား အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။

    Tue, 07 May 2024 - 59min
  • 3143 - ဗွီအိုအေ မြန်မာညချမ်း (မေလ ၆၊ ၂၀၂၄) - မေ ၀၆, ၂၀၂၄

    စစ်ကောင်စီ တပ်စခန်း ၁ ဒါဇင်နီးပါးကို သိမ်းပိုက်လိုက်ကြောင်း KIA ကြေညာ၊ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချကြောင်း AA သတင်းထုတ်ပြန် စတာတွေအပြင် စီးပွားရေး၊ လူမှုရှုခင်း သီတင်းပတ်စဉ် အစီအစဉ်တွေကို တင်ဆက်ထားပါတယ်။

    Mon, 06 May 2024 - 59min
  • 3142 - ဗွီအိုအေ မြန်မာညချမ်း (မေလ ၅၊ ၊ ၂၀၂၄) - မေ ၀၅, ၂၀၂၄

    ဂါဇာဒေသငြိမ်းချမ်းရေး ဟာမတ်စ်နဲ့ စေ့စပ်ညှိနှိုင်းသူတွေ ကိုင်ရိုမြို့မှာဆွေးနွေး၊ ယူကရိန်းသမ္မတကို အလိုရှိသူစာရင်းမှာ ရုရှားအစိုးရထည့်သွင်း စတာတွေအပြင် ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း၊ ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာ၊ မြင်ကွင်းကျယ်မှတ်စု၊ ထူးခြားဆန်းပြား သတင်းများတို့ကို တင်ဆက်ထားပါတယ်။

    Sun, 05 May 2024 - 59min
  • 3141 - ဗွီအိုအေ မြန်မာညချမ်း၊ မေ ၄၊ ၂၀၂၄ - မေ ၀၄, ၂၀၂၄

    ဂါဇာဒေသအပစ်ရပ်ရေး အီဂျစ်နိုင်ငံမှာ ညှိနှိုင်းမှုတွေလုပ်နေ၊ သမ္မတဘိုင်ဒန်ပြောကြားချက် ဂျပန်နဲ့ အိန္ဒိယတုံ့ပြန်၊ ဆန္ဒပြကျောင်းသားတွေနဲ့ အမေရိကန် တက္ကသိုလ်တချို့ သဘောတူမှုရရှိ၊ ဖိနှိပ်မှုကြားက မြန်မာနိုင်ငံတွင်း သတင်းယူရတဲ့အခြေအနေ သတင်းသမားတွေတင်ပြ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေ တင်ဆက်ထားပါတယ်။

    Sat, 04 May 2024 - 59min
  • 3140 - ဗွီအိုအေ မြန်မာညချမ်း (မေလ ၃ ရက်၊ ၂၀၂၄) - မေ ၀၃, ၂၀၂၄

    ပြင်သစ်က ဂါဇာစစ်ဆန့်ကျင်ရေးသပိတ်စခန်း ဖြိုခွင်းခံရ၊ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ လူ့အခွင့်အရေးဆု မြန်မာနိုင်ငံက Frontier Myanmar ရ၊ အမျိုးသားတွေ ပြည်ပ အလုပ်ထွက်လုပ်ခွင့် ယာယီဆိုင်းငံ့ထားခြင်းဖြစ် စတာတွေနဲ့ အပတ်စဉ် အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာတို့ကို တင်ဆက်ပေးထားပါတနယ်။

    Fri, 03 May 2024 - 59min
Show More Episodes